Wednesday, March 30, 2016

Mobile Phone များကို အသုံးပြုရာတွင် လုံခြုံစိတ်ချရစေရန် ဆောင်ရွက်သင့်သည့် အချက်များ
Mobile နည်းပညာသည် ယနေ့ မျက်မှောက်ခေတ်တွင် အသုံးပြုသည့် User များ၏ လိုအပ်ချက်များပေါ် မူတည်၍ ယခင်နှစ်များထက် နည်းပညာပိုင်းဆိုင်ရာများ ပိုမို တိုးတက်လာခဲ့သည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့ Mobile Phone များကို အသုံးပြုမူ့များပြား လာသည်နှင့်အမျှ Hacker များသည် Cyber Crime ဆိုင်ရာလုပ်ဆောင်ချက်များ လုပ်ဆောင်ရန် အတွက်လည်း Mobile Phone များကို ပိုမိုစိတ်ဝင်စားလာကြပါသည်။ ထို့ကြောင့် မိမိ၏ Mobile Phone များကိုလည်း လုံခြုံစိတ်ချစွာ အသုံးပြုရန်မှာ အရေးကြီးသော အကြောင်းအရာ တစ်ခု
ဖြစ်လာပေသည်။ ထိုကဲ့သို့ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန် အတွက် အသုံးပြုနေသော User များတွင် Mobile Phone နှင့်ပတ်သက်သော အသိပညာ ဗဟုသုတ များရှိနေရန် လိုအပ်ပေသည်။ Mobile Phone အသုံးပြုရာတွင် လုံခြုံစိတ်ချမှုရှိစေရန်အတွက် လိုက်နာသင့်သော အချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်။
၁။ လုံခြုံစိတ်ချရသော နေရာမှ Application ကို သာ Install လုပ်ပါ။
Android Application များကို Install လုပ်ရာတွင် Google Play သည် လုံခြုံစိတ်ချရဆုံး နေ ရာဖြစ်ပါသည်။ ထို့ကြောင့် Application များကို Google Play Store ကဲ့သို့ လုံခြုံ စိတ်ချရသော နေရာမှသာ Install လုပ်သင့်ပါသည်။ အကယ်၍များ တခြားနေရာမှ Application ကို Install လုပ်မည် ဆိုလျှင် ထိုနေရာသည် မိမိ Mobile Phone အတွက် မည်မျှလုံခြုံမူ့ ရှိမည်ကို အရင်ဆုံး လေ့လာပြီးမှသာ Application ကို Install ပြုလုပ်သင့်ပါသည်။ ထို့အပြင် ၄င်း Application သည် User Review နှင့် Rating မည်မျှရှိသည် ကိုလည်း ထည့်သွင်း စဉ်းစားပြီး မှသာ Install ပြုလုပ်သင့်ပါသည်။
၂။ Application ကို Install မလုပ်ခင် Permission ကို စစ်ဆေးပါ။
Third-party Application Market များမှ Application ကို Install လုပ်သည့်အခါတွင် Permission လိုအပ်သည့်အတွက် Permission တောင်းလာလျှင် Install ပြုလုပ်မည့် Application နှင့် မသက်ဆိုင်သော Permission များဖြစ်နေလျှင် သေချာစွာ စဉ်းစားသင့်ပါသည်။ (ဥပမာအနေဖြင့်- မိမိ Install ပြုလုပ်မည့် Application သည် Wallpapaer ကဲ့သို့ Application ဖြစ်ပြီး Install ပြုလုပ်သည့် အချိန်တွင် SMS နှင့်ဆိုင်သော Permission ကိုပါ တောင်းလာသည် ဆိုလျှင် သေချာစွာ စဉ်းစားပြီးမှ သာ Permission ကိုပေးပြီး Install ပြုလုပ်သင့်ပါသည်။)
၃။ မိမိအသုံးပြုထားသော application များကို အမြဲ up-to-date ပြုလုပ်ပါ။
မိမိ Mobile phone တွင် အသုံးပြုထားသော Application များ အားလုံးကို Update ဖြစ်နေစေရန်လည်း အမြဲ အထူးဂရုပြုသင့်သည်။ ထိုကဲ့သို့ Update ဖြစ်နေသော Application ကိုသာ မိမိ Mobile Phone တွင် အသုံးပြုခြင်းဖြင့် အားနည်းချက်များကို အသုံးပြုပြီး အန္တရယ်ပေးနိုင်သော Attacker များ ရန်မှ ကာကွယ်နိုင်မည် ဖြစ်သည်။
၎။ Anti-Virus Software များကို install လုပ်ထားပါ။
မိမိ Mobile Phone ကို ကာကွယ်ရန်အတွက် Anti-Virus Software ကိုလည်း Install လုပ်ထားသင့်ပါသည်။ ထိုကဲ့သို့ Anti-Virus Software များကို Install ပြုလုပ်ထားသည့် အတွက် မိမိ Mobile Phone ဆီသို့ ၀င်ရောက်လာနိုင်သည့် Virus များကို ကာကွယ် ပေးထားနိုင်မည် ဖြစ်သည်။ ထို့အပြင် ၄င်း Anti-Virus Software သည်လည်း အမြဲ Update ဖြစ်နေရန် လိုအပ်ပါသည်။
၅။ မိမိ၏ Mobile phone ကို password (သို့) PIN ထားရှိပါ။
မိမိ၏ Mobile Phone တွင် အရေးကြီးသည့် အချက်အလက်များကို ကာကွယ်ရန် အတွက် Password (သို့) PIN ထားရှိသင့်ပါသည်။ Password ထားရှိရာတွင်လည်း မတူညီသော Program များအတွက် မတူညီသော Password ကိုသာ ထားရှိသင့်ပါသည်။ မိမိ၏ ကိုယ်ရေးကိုယ်တာနှင့် သက်ဆိုင်သော
အကြောင်းအရာများကို ရှောင်ဖယ်၍ Password ကို ၈လုံးထက်ပို၍ ထားရှိသင့်ပြီး ၄င်း Password ထဲတွင် နံပါတ်များ၊ အက္ခရာ အကြီးအသေး စာလုံးများ၊ Special Character များကို ထားရှိသင့်ပါသည်။ ထိုကဲ့သို့ ထားရှိသည့် အတွက် အခွင့်မရှိပဲ ယူငင် သုံးစွဲ ခြင်းများကို ကာကွယ် နိုင်မည် ဖြစ်ပါသည်။
၆။ မိမိ၏ Mobile phone ရှိ Data များကို Backup လုပ်ထားပါ။
Smartphone အများစုနှင့် Tablet များတွင် Data ကို အလွယ်တကူ Backup ပြုလုပ်နိုင်သည့် Feature ပါရှိပြီး ဖြစ်ပါသည်။ မိမိ Phone အတွင်းရှိ Data များသည် မတော်တဆ တခုခုကြောင့် ပျောက်ပျက်သွားသည် ဖြစ်စေ၊ မိမိ၏ Phone ပျောက်ဆုံးသွားလျှင် ဖြစ်စေ Data များကို Google Drive
ကဲ့သို့ Cloud Service များတွင် Backup ပြုလုပ်ထားခြင်းဖြင့် မိမိ Phone အတွင်းရှိ Data များကို ပြန်လည် ရရှိစေနိုင်မည် ဖြစ်ပါသည်။
၇။ Banking နှင့် Shopping Site များကို ၀င်ရောက်ပြီးလျှင် Log Out ထွက်ရန် မမေ့ပါနှင့်။
Banking နှင့် Shopping Site များကို ၀င်ရောက်ပြီးလျှင် Browser ကိုတန်းမပိတ်ပဲ Log Out ထွက်ပြီးမှသာ Browser ကိုပိတ်သင့်ပါသည်။
၈။ Wi-Fi, Location Service များနှင့် Bluetooth များကို အသုံးမပြုလျှင် ပိတ်ထားပါ။
မိမိ အသုံးပြုနေသော Public Wi-Fi connection သည် လုံခြုံမူ့ မရှိလျှင် မိမိ မသိရှိလိုက်ပဲ Attaker များမှ Phone အတွင်းရှိ မိမိ၏ အရေးကြီး အချက်အလက်များကို ရယူသွားနိုင်သည့်အတွက် အသုံးမပြုလျှင် Wi-Fi ကို ပိတ်ထားသင့်ပါသည်။
၉။ Personal Information များကို Phone ထဲတွင် မှတ်သားထားခြင်း ကိုမပြုလုပ်သင့်ပါ။
မိမိ၏ Phone ထဲတွင် Personal Information များကို မှတ်သားထားပါက ဖုန်းပျောက်ဆုံး သွားလျှင် မိမိ၏ အရေးကြီးသော အချက်အလက်များ (ဥပမာ- Password များ၊ Banking Information များ) အားလုံး ကို တခြားသူမှ ရရှိသွားနိုင်မည် ဖြစ်ပါသည်။
၁၀။ Redirect Link ကို အသုံးမပြုပဲ Original Website Link ကိုသာ အသုံးပြုပါ။
Social Media Page များ၊ Banking Website များ၊ Shopping Website များ ကို မိမိဖုန်းကို အသုံးပြု၍ ၀င်ရောက်မည် ဆိုလျှင် Redirect Link များသည် စိတ်ချ ယုံကြည်ရခြင်း မရှိသဖြင့် စိတ်ချယုံကြည် ရသော နဂိုမူရင်း Original Website ကိုသာ သွားရောက် အသုံးပြု သင့်ပါသည်။
အထက်ပါ အချက်များသည် Mobile Phone ကို လုံခြုံစိတ်ချမှုရှိစေရန် လုပ်ဆောင် သင့်သည့် ယေဘုယျအချက်များ ဖြစ်ပါသည်။
References:
http://resources.infosecinstitute.com/importance-of-securi…/
https://blog.malwarebytes.org/…/keeping-a-secure-mobile-de…/
http://www.mcafee.com/mobile-advice
copy from www.mmcert.org.mm/node/223

No comments:

Post a Comment